Finance
Cashier
ရာထူးအကြောင်း
ဆိုင်တွင် Customer များ၏ ဝယ်ယူမှုများအတွက် Cash၊ Mobile Payment၊ Bank Transfer နှင့် အခြားငွေပေးချေမှုနည်းလမ်းများကို မှန်ကန်စွာ လက်ခံဆောင်ရွက်ခြင်း၊ POS System တွင် အရောင်းဘောင်ချာနှင့် ငွေကြေးစာရင်းများကို တိကျစွာ မှတ်တမ်းတင်ခြင်း၊ နေ့စဉ် Cash Balance ကို စစ်ဆေး၍ စာရင်းနှင့်ကိုက်ညီစေရန် တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
အဓိကတာဝန်များ
- Customer များ၏ ဝယ်ယူမှုအတွက် Cash၊ KBZ Pay၊ Wave Pay၊ MMQR၊ Bank Transfer နှင့် သတ်မှတ်ထားသော Payment Method များကို လက်ခံဆောင်ရွက်ခြင်း
- ငွေလက်ခံမီ Invoice၊ ပစ္စည်းအမျိုးအစား၊ Quantity၊ ဈေးနှုန်း၊ Discount နှင့် စုစုပေါင်းကျသင့်ငွေကို စစ်ဆေးခြင်း
- POS System တွင် Payment အမျိုးအစားနှင့် ငွေပမာဏများကို မှန်ကန်စွာ ထည့်သွင်းခြင်း
- Customer ထံသို့ Receipt / Invoice ကို မှန်ကန်စွာ ထုတ်ပေးခြင်း
- Cash လက်ခံရာတွင် ငွေစက္ကူအတုအပ စစ်ဆေးခြင်းနှင့် အမ်းငွေကို မှန်ကန်စွာ ပြန်လည်ပေးခြင်း
- Mobile Payment နှင့် Bank Transfer များ၏ Transaction အောင်မြင်မှုကို သေချာစစ်ဆေးပြီးမှ Payment Confirm ပြုလုပ်ခြင်း
- Split Payment ရှိပါက Payment Method တစ်ခုချင်းစီကို မှန်ကန်စွာ မှတ်တမ်းတင်ခြင်း
- Refund၊ Cancel၊ Void သို့မဟုတ် Payment Error များကို သတ်မှတ်ထားသော စည်းမျဉ်းအတိုင်း ဆောင်ရွက်ခြင်း
- နေ့စဉ် Cash In/Out နှင့် အခြားငွေကြေးလှုပ်ရှားမှုများကို စနစ်တကျမှတ်တမ်းတင်ခြင်း
- Shift ပြီးဆုံးချိန်တွင် System Sale၊ Cash၊ Mobile Payment နှင့် Bank Payment များကို ပြန်လည်တိုက်စစ်ခြင်း
- Cash Short / Over ဖြစ်ပါက ချက်ချင်းစစ်ဆေး၍ သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း
- နေ့စဉ်ငွေကြေးနှင့် Cashier Report များကို အချိန်မီပြုစုတင်ပြခြင်း
- Cash Counter၊ ငွေကြေးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လုံခြုံစွာ ထိန်းသိမ်းခြင်း
- Customer များအား ယဉ်ကျေးဖော်ရွေစွာ ဝန်ဆောင်မှုပေးခြင်း
လိုအပ်ချက်များ
- အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်
- ငွေကြေးနှင့် ကိန်းဂဏန်းများကို တိကျစွာ ကိုင်တွယ်နိုင်ရမည်
- Computer၊ POS System နှင့် Microsoft Excel အခြေခံအသုံးပြုနိုင်ရမည်
- Cash၊ Mobile Payment နှင့် Bank Transfer များကို နားလည်အသုံးပြုနိုင်ရမည်
- ငွေစာရင်းများကို ဂရုတစိုက်စစ်ဆေးနိုင်ပြီး အသေးစိတ်အချက်အလက်များကို အာရုံစိုက်နိုင်ရမည်
- ရိုးသားမှုနှင့် ငွေကြေးအပေါ် တာဝန်ယူမှု အထူးကောင်းမွန်ရမည်
- Customer များနှင့် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံနိုင်ရမည်
- ဖိအားများသောအချိန်နှင့် Customer များပြားသောအချိန်တွင်လည်း တည်ငြိမ်စွာ အလုပ်လုပ်နိုင်ရမည်
- အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်ပြီး အချိန်တိကျမှုရှိရမည်
- Cashier၊ Accounting သို့မဟုတ် Retail POS အတွေ့အကြုံရှိသူ ဦးစားပေးမည်
လစာနှင့်ခံစားခွင့်
Basic Salary250,000 MMK
Attendance Allowance30,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 550,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်