Finance
Cashier
ဆိုင်တွင် Customer များ၏ ဝယ်ယူမှုများအတွက် Cash၊ Mobile Payment၊ Bank Transfer နှင့် အခြားငွေပေးချေမှုနည်းလမ်းများကို မှန်ကန်စွာ လက်ခံဆောင်ရွက်ခြင်း၊ POS System တွင် အရောင်းဘောင်ချာနှင့် ငွေကြေးစာရင်းများကို တိကျစွာ မှတ်တမ်းတင်ခြင်း၊ နေ့စဉ် Cash Balance ကို စစ်ဆေး၍ စာရင်းနှင့်ကိုက်ညီစေရန် တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
Logistics
Delivery
Customer များနှင့် ဆိုင်ခွဲများသို့ ဖုန်း၊ Spare Parts၊ Accessories နှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို မှန်ကန်လုံခြုံစွာ အချိန်မီပို့ဆောင်ပေးခြင်း၊ ပစ္စည်းလက်ခံရရှိမှုနှင့် ငွေကြေးအပ်နှံမှုများကို စနစ်တကျတာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
Marketing
Marketing
Mobile Ayeyarwaddy ဆိုင်သစ်များကို သက်ဆိုင်ရာနယ်မြေအတွင်း Customer များအမြန်ဆုံးသိရှိလာစေရန် Offline Marketing Activities များကို စီစဉ်ဆောင်ရွက်ရမည့် ရာထူးဖြစ်ပါသည်။ သက်ဆိုင်ရာရပ်ကွက်၊ မြို့နယ်များအတွင်း Marketing Campaign များဆင်းလုပ်ခြင်း၊ Promotion များကို Customer များထံတိုက်ရိုက်ရှင်းပြခြင်း၊ Advertising Material များဖြန့်ဝေခြင်းနှင့် Brand Awareness တိုးတက်လာစေရန် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။
Customer Service
Service Receptionist
ဖုန်းပြုပြင်ရန်လာရောက်အပ်နှံသော Customer များကို ကြိုဆိုလက်ခံခြင်း၊ ဖုန်း၏ပြဿနာနှင့် Customer ၏လိုအပ်ချက်များကို စနစ်တကျမှတ်တမ်းတင်ခြင်း၊ ပြုပြင်မှုအခြေအနေကို Technician နှင့်ချိတ်ဆက်၍ Customer ထံသို့ အချိန်မီပြန်လည်အသိပေးခြင်းတို့ကို တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
Sales
Spare Parts အရောင်းဝန်ထမ်း
ဖုန်းပြုပြင်ရေးဆိုင်များ၊ Technician များနှင့် Spare Parts ဝယ်ယူလိုသော Customer များ၏ လိုအပ်ချက်ကို မှန်ကန်စွာနားလည်၍ သင့်တော်သော Spare Parts များကို ရှာဖွေရွေးချယ်ပေးခြင်း၊ Compatibility နှင့် Quality အဆင့်များကို ရှင်းပြရောင်းချပေးခြင်းတို့ကို တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
Sales
ဖုန်းအရောင်းဝန်ထမ်း
ဆိုင်သို့လာရောက်သော Customer များ၏ လိုအပ်ချက်နှင့် အသုံးပြုမည့် Budget ကို နားလည်စွာမေးမြန်းပြီး သင့်တော်သောဖုန်းအမျိုးအစားများကို အကြံပြုရောင်းချပေးခြင်း၊ Product Information နှင့် Promotion များကို မှန်ကန်စွာရှင်းပြပေးခြင်းတို့ကို တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။