Logistics
Delivery
ရာထူးအကြောင်း
Customer များနှင့် ဆိုင်ခွဲများသို့ ဖုန်း၊ Spare Parts၊ Accessories နှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို မှန်ကန်လုံခြုံစွာ အချိန်မီပို့ဆောင်ပေးခြင်း၊ ပစ္စည်းလက်ခံရရှိမှုနှင့် ငွေကြေးအပ်နှံမှုများကို စနစ်တကျတာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
အဓိကတာဝန်များ
- ပို့ဆောင်ရမည့်ပစ္စည်း၊ Quantity၊ Invoice နှင့် လိပ်စာတို့ကို မထွက်ခွာမီ စစ်ဆေးခြင်း
- သတ်မှတ်ထားသောနေရာသို့ ပစ္စည်းများကို အချိန်မီနှင့် လုံခြုံစွာပို့ဆောင်ခြင်း
- Customer ထံမှ လက်ခံရရှိကြောင်းအတည်ပြုချက် ရယူခြင်း
- Cash on Delivery ငွေများကို မှန်ကန်စွာလက်ခံ၍ သက်ဆိုင်ရာဌာနသို့ အပြည့်အဝအပ်နှံခြင်း
- ပစ္စည်းပျက်စီးခြင်း၊ လိပ်စာမှားခြင်း သို့မဟုတ် ပို့ဆောင်မှုအခက်အခဲများကို ချက်ချင်းတင်ပြခြင်း
- Delivery စာရင်းနှင့် ပို့ဆောင်ပြီးစီးမှုအခြေအနေကို System တွင် Update ပြုလုပ်ခြင်း
- ဆိုင်ခွဲအချင်းချင်း ပစ္စည်းနှင့် စာရွက်စာတမ်းပို့ဆောင်မှုများကို တာဝန်ယူခြင်း
- မော်တော်ယာဉ်နှင့် Delivery အသုံးအဆောင်များကို စနစ်တကျထိန်းသိမ်းခြင်း
- Customer နှင့်တွေ့ဆုံရာတွင် ကုမ္ပဏီ၏ပုံရိပ်ကောင်းမွန်အောင် ယဉ်ကျေးစွာဆက်ဆံခြင်း
လိုအပ်ချက်များ
- အနည်းဆုံး အလယ်တန်း သို့မဟုတ် အထက်တန်းအဆင့်ရှိသူ ဖြစ်ရမည်
- ဆိုင်ကယ်ကျွမ်းကျင်စွာမောင်းနှင်နိုင်ပြီး ယာဉ်မောင်းလိုင်စင်ရှိရမည်
- သက်ဆိုင်ရာမြို့၏ လမ်းကြောင်းများကို ကောင်းစွာသိရှိရမည်
- Smartphone၊ Google Maps နှင့် Messaging Application များအသုံးပြုနိုင်ရမည်
- ရိုးသားပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများကို တာဝန်ယူနိုင်ရမည်
- အချိန်တိကျပြီး ဖိအားအောက်တွင် အလုပ်လုပ်နိုင်ရမည်
- ကိုယ်ပိုင်ဆိုင်ကယ်ရှိသူ ဦးစားပေးမည်
လစာနှင့်ခံစားခွင့်
Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 500,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်