MA
Mobile AyeyarwaddyCareers
အလုပ်အကိုင်များသို့
Logistics

Delivery

ယုဇနပလာဇာ (ရန်ကုန်ရုံးချုပ်)Full-timeပိတ်ရက် 2026-09-30

ရာထူးအကြောင်း

Customer များ၊ ဖုန်းပြုပြင်ရေးဆိုင်များနှင့် သတ်မှတ်ထားသောနေရာများသို့ ဖုန်း Spare Parts၊ Accessories၊ စာရွက်စာတမ်းနှင့် အခြားပစ္စည်းများကို မှန်ကန်လုံခြုံစွာ အချိန်မီပို့ဆောင်ပေးရမည့် ရာထူးဖြစ်ပါသည်။ ပစ္စည်းနှင့် ငွေကြေးများကို တာဝန်ယူကိုင်တွယ်၍ ပို့ဆောင်မှုမှတ်တမ်းများကို စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အဓိကတာဝန်များ

  • ပို့ဆောင်ရမည့်ပစ္စည်း၏ Model၊ Quantity၊ Invoice၊ Customer အမည်၊ ဖုန်းနံပါတ်နှင့် လိပ်စာကို မထွက်ခွာမီ စစ်ဆေးခြင်း
  • သတ်မှတ်ထားသော Customer နှင့် နေရာများသို့ ပစ္စည်းများကို အချိန်မီပို့ဆောင်ခြင်း
  • ပစ္စည်းများကို မပျက်စီး၊ မပျောက်ဆုံးစေရန် လုံခြုံစွာ သယ်ယူပို့ဆောင်ခြင်း
  • Customer ထံမှ ပစ္စည်းလက်ခံရရှိကြောင်း အတည်ပြုချက်ရယူခြင်း
  • Cash on Delivery ငွေများကို မှန်ကန်စွာလက်ခံ၍ သက်ဆိုင်ရာဌာနသို့ အပြည့်အဝပြန်လည်အပ်နှံခြင်း
  • Return ပစ္စည်းနှင့် Warranty ပစ္စည်းများကို စာရွက်စာတမ်းနှင့်အတူ ပြန်လည်ယူဆောင်လာခြင်း
  • ပို့ဆောင်ပြီးစီးမှုနှင့် မပို့ဆောင်နိုင်သည့်အကြောင်းရင်းများကို သက်ဆိုင်ရာတာဝန်ရှိသူထံ အချိန်မီတင်ပြခြင်း
  • Delivery စာရင်းနှင့် နေ့စဉ်ပို့ဆောင်မှုမှတ်တမ်းများကို ပြည့်စုံစွာဖြည့်သွင်းခြင်း
  • လမ်းကြောင်းများကို အစီအစဉ်တကျရွေးချယ်၍ အချိန်နှင့် ကုန်ကျစရိတ် သက်သာအောင် ဆောင်ရွက်ခြင်း
  • Customer များနှင့်တွေ့ဆုံရာတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခြင်း
  • အသုံးပြုသောဆိုင်ကယ်၊ Delivery Bag နှင့် သက်ဆိုင်ရာပစ္စည်းများကို စနစ်တကျထိန်းသိမ်းခြင်း

လိုအပ်ချက်များ

  • အနည်းဆုံး အလယ်တန်းအဆင့်ရှိသူ ဖြစ်ရမည်
  • ဆိုင်ကယ်ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရမည်
  • တရားဝင် ယာဉ်မောင်းလိုင်စင်ရှိရမည်
  • ရန်ကုန်မြို့တွင်း လမ်းကြောင်းများကို ကောင်းစွာသိရှိသူ ဦးစားပေးမည်
  • Google Maps၊ Smartphone နှင့် Messaging Application များ အသုံးပြုနိုင်ရမည်
  • ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများကို ရိုးသားစွာ တာဝန်ယူနိုင်ရမည်
  • အချိန်တိကျပြီး သွက်လက်တက်ကြွစွာ အလုပ်လုပ်နိုင်ရမည်
  • ကျန်းမာရေးကောင်းမွန်ပြီး ပစ္စည်းများ သယ်ယူနိုင်ရမည်
  • ကိုယ်ပိုင်ဆိုင်ကယ်ရှိသူနှင့် Delivery အတွေ့အကြုံရှိသူ ဦးစားပေးမည်

လစာနှင့်ခံစားခွင့်

Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 500,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်
ယခုလျှောက်ထားမည်