MA
Mobile AyeyarwaddyCareers
အလုပ်အကိုင်များသို့
Sales

ဖုန်းအရောင်းဝန်ထမ်း

မအူပင်မြို့Full-timeပိတ်ရက် 2026-09-30

ရာထူးအကြောင်း

ဆိုင်သို့လာရောက်သော Customer များ၏ လိုအပ်ချက်နှင့် အသုံးပြုမည့် Budget ကို နားလည်စွာမေးမြန်းပြီး သင့်တော်သောဖုန်းအမျိုးအစားများကို အကြံပြုရောင်းချပေးခြင်း၊ Product Information နှင့် Promotion များကို မှန်ကန်စွာရှင်းပြပေးခြင်းတို့ကို တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။

အဓိကတာဝန်များ

  • ဆိုင်သို့လာရောက်သော Customer များကို ဖော်ရွေပျူငှာစွာ ကြိုဆိုခြင်း
  • Customer ၏ Budget၊ အသုံးပြုလိုသည့် Feature နှင့် လိုအပ်ချက်များကို မေးမြန်းခြင်း
  • သင့်တော်သော Phone Model များကို နှိုင်းယှဉ်ရှင်းပြ၍ အကြံပြုရောင်းချခြင်း
  • ဖုန်း Specification၊ Warranty၊ Promotion နှင့် ငွေပေးချေမှုအစီအစဉ်များကို မှန်ကန်စွာရှင်းပြခြင်း
  • ဖုန်းစမ်းသပ်ပေးခြင်း၊ Setup ပြုလုပ်ပေးခြင်းနှင့် အခြေခံအသုံးပြုနည်းများကို ရှင်းပြခြင်း
  • သတ်မှတ်ထားသော အရောင်း Target ပြည့်မီအောင် ကြိုးစားဆောင်ရွက်ခြင်း
  • Display Phone နှင့် အရောင်းနေရာကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း
  • လက်ကျန်ပစ္စည်း၊ ဈေးနှုန်းနှင့် Promotion အပြောင်းအလဲများကို အမြဲလေ့လာထားခြင်း
  • Customer Feedback နှင့် ရောင်းအားအခြေအနေများကို Supervisor ထံတင်ပြခြင်း

လိုအပ်ချက်များ

  • အနည်းဆုံး အထက်တန်းအထိတက်ဖူးသူ ဖြစ်ရမည်
  • အရောင်းလုပ်ငန်းကို စိတ်ဝင်စားပြီး Customer များနှင့် ပြောဆိုဆက်ဆံနိုင်ရမည်
  • Smartphone Brand၊ Model နှင့် Specification များကို လေ့လာလိုစိတ်ရှိရမည်
  • အရောင်း Target ဖြင့် အလုပ်လုပ်နိုင်ရမည်
  • ရိုးသားမှု၊ တာဝန်ယူမှုနှင့် အချိန်တိကျမှုရှိရမည်
  • သပ်ရပ်စွာဝတ်စားဆင်ယင်တတ်ပြီး အပြုအမူကောင်းမွန်ရမည်
  • အရောင်းအတွေ့အကြုံရှိသူနှင့် Mobile Phone ဗဟုသုတရှိသူ ဦးစားပေးမည်

လစာနှင့်ခံစားခွင့်

Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeDouble Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 600,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်
ယခုလျှောက်ထားမည်