Sales
ဖုန်းအရောင်းဝန်ထမ်း
ရာထူးအကြောင်း
ဆိုင်သို့လာရောက်သော Customer များ၏ လိုအပ်ချက်နှင့် အသုံးပြုမည့် Budget ကို နားလည်စွာမေးမြန်းပြီး သင့်တော်သောဖုန်းအမျိုးအစားများကို အကြံပြုရောင်းချပေးခြင်း၊ Product Information နှင့် Promotion များကို မှန်ကန်စွာရှင်းပြပေးခြင်းတို့ကို တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
အဓိကတာဝန်များ
- ဆိုင်သို့လာရောက်သော Customer များကို ဖော်ရွေပျူငှာစွာ ကြိုဆိုခြင်း
- Customer ၏ Budget၊ အသုံးပြုလိုသည့် Feature နှင့် လိုအပ်ချက်များကို မေးမြန်းခြင်း
- သင့်တော်သော Phone Model များကို နှိုင်းယှဉ်ရှင်းပြ၍ အကြံပြုရောင်းချခြင်း
- ဖုန်း Specification၊ Warranty၊ Promotion နှင့် ငွေပေးချေမှုအစီအစဉ်များကို မှန်ကန်စွာရှင်းပြခြင်း
- ဖုန်းစမ်းသပ်ပေးခြင်း၊ Setup ပြုလုပ်ပေးခြင်းနှင့် အခြေခံအသုံးပြုနည်းများကို ရှင်းပြခြင်း
- သတ်မှတ်ထားသော အရောင်း Target ပြည့်မီအောင် ကြိုးစားဆောင်ရွက်ခြင်း
- Display Phone နှင့် အရောင်းနေရာကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း
- လက်ကျန်ပစ္စည်း၊ ဈေးနှုန်းနှင့် Promotion အပြောင်းအလဲများကို အမြဲလေ့လာထားခြင်း
- Customer Feedback နှင့် ရောင်းအားအခြေအနေများကို Supervisor ထံတင်ပြခြင်း
လိုအပ်ချက်များ
- အနည်းဆုံး အထက်တန်းအထိတက်ဖူးသူ ဖြစ်ရမည်
- အရောင်းလုပ်ငန်းကို စိတ်ဝင်စားပြီး Customer များနှင့် ပြောဆိုဆက်ဆံနိုင်ရမည်
- Smartphone Brand၊ Model နှင့် Specification များကို လေ့လာလိုစိတ်ရှိရမည်
- အရောင်း Target ဖြင့် အလုပ်လုပ်နိုင်ရမည်
- ရိုးသားမှု၊ တာဝန်ယူမှုနှင့် အချိန်တိကျမှုရှိရမည်
- သပ်ရပ်စွာဝတ်စားဆင်ယင်တတ်ပြီး အပြုအမူကောင်းမွန်ရမည်
- အရောင်းအတွေ့အကြုံရှိသူနှင့် Mobile Phone ဗဟုသုတရှိသူ ဦးစားပေးမည်
လစာနှင့်ခံစားခွင့်
Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 500,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်