MA
Mobile AyeyarwaddyCareers
အလုပ်အကိုင်များသို့
Marketing

Marketing

မအူပင်မြို့Full-timeပိတ်ရက် 2026-09-30

ရာထူးအကြောင်း

Mobile Ayeyarwaddy ဆိုင်သစ်များကို သက်ဆိုင်ရာနယ်မြေအတွင်း Customer များအမြန်ဆုံးသိရှိလာစေရန် Offline Marketing Activities များကို စီစဉ်ဆောင်ရွက်ရမည့် ရာထူးဖြစ်ပါသည်။ သက်ဆိုင်ရာရပ်ကွက်၊ မြို့နယ်များအတွင်း Marketing Campaign များဆင်းလုပ်ခြင်း၊ Promotion များကို Customer များထံတိုက်ရိုက်ရှင်းပြခြင်း၊ Advertising Material များဖြန့်ဝေခြင်းနှင့် Brand Awareness တိုးတက်လာစေရန် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။

အဓိကတာဝန်များ

  • ဆိုင်သစ်ဖွင့်ပွဲနှင့် Promotion Campaign များအတွက် Offline Marketing Plan များရေးဆွဲ၍ အကောင်အထည်ဖော်ခြင်း
  • သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်များအတွင်း Customer များသိရှိလာစေရန် Field Marketing ဆင်းလုပ်ခြင်း
  • Flyer၊ Brochure၊ Promotion Card၊ Banner နှင့် Advertising Material များကို သင့်လျော်သောနေရာများတွင် ဖြန့်ဝေခြင်းနှင့် ကပ်ခြင်း
  • လူသွားလူလာများသောနေရာများ၊ စီးပွားရေးဧရိယာများနှင့် Target Customer ရှိနိုင်သောနေရာများကို ရှာဖွေ၍ Marketing ပြုလုပ်ခြင်း
  • Customer များအား ဆိုင်တည်နေရာ၊ ဖုန်းအမျိုးအစားများ၊ Promotion များနှင့် ဝန်ဆောင်မှုများကို တိုက်ရိုက်ရှင်းပြခြင်း
  • ဆိုင်ဖွင့်ပွဲ၊ Promotion Event နှင့် Customer Engagement Activity များတွင် ပါဝင်ကူညီခြင်း
  • Local Community၊ ရပ်ကွက်၊ ကျောင်း၊ ရုံးများနှင့် သက်ဆိုင်ရာနေရာများတွင် Brand Awareness တိုးတက်စေရန် ဆက်သွယ်ဆောင်ရွက်ခြင်း
  • Competitor ဆိုင်များ၊ Market အခြေအနေများနှင့် Customer လိုအပ်ချက်များကို လေ့လာတင်ပြခြင်း
  • နေ့စဉ် Marketing Activity Report များ၊ ရောက်ရှိခဲ့သောနေရာများနှင့် ရရှိလာသော Feedback များကို တင်ပြခြင်း
  • Sales Team နှင့် ပူးပေါင်း၍ Marketing မှရရှိလာသော Customer များကို အရောင်းအခွင့်အရေးဖြစ်လာစေရန် ကူညီခြင်း

လိုအပ်ချက်များ

  • အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်
  • လူများနှင့် တက်ကြွစွာပြောဆိုဆက်ဆံနိုင်ပြီး Communication Skill ကောင်းမွန်ရမည်
  • Field Work နှင့် နယ်မြေအတွင်း ဆင်း၍ အလုပ်လုပ်နိုင်ရမည်
  • လူအများနှင့်တွေ့ဆုံရသောအလုပ်ကို စိတ်ဝင်စားသူ ဖြစ်ရမည်
  • ရပ်ကွက်၊ မြို့နယ်အလိုက် Customer များရောက်ရှိနိုင်မည့်နေရာများကို ရှာဖွေနိုင်ရမည်
  • ရိုးသားမှု၊ တာဝန်ယူမှုနှင့် အလုပ်ကြိုးစားလိုစိတ်ရှိရမည်
  • အဖွဲ့လိုက်လုပ်ဆောင်နိုင်ပြီး Daily Target များဖြင့် အလုပ်လုပ်နိုင်ရမည်
  • Marketing၊ Sales Promotion သို့မဟုတ် Field Marketing အတွေ့အကြုံရှိသူ ဦးစားပေးမည်
  • ဆိုင်ကယ်မောင်းနိုင်သူနှင့် သက်ဆိုင်ရာနယ်မြေကို သိရှိသူ ဦးစားပေးမည်

လစာနှင့်ခံစားခွင့်

Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 500,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်
ယခုလျှောက်ထားမည်