Customer Service
Service Receptionist
ရာထူးအကြောင်း
ဖုန်းပြုပြင်ရန်လာရောက်အပ်နှံသော Customer များကို ကြိုဆိုလက်ခံခြင်း၊ ဖုန်း၏ပြဿနာနှင့် Customer ၏လိုအပ်ချက်များကို စနစ်တကျမှတ်တမ်းတင်ခြင်း၊ ပြုပြင်မှုအခြေအနေကို Technician နှင့်ချိတ်ဆက်၍ Customer ထံသို့ အချိန်မီပြန်လည်အသိပေးခြင်းတို့ကို တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
အဓိကတာဝန်များ
- ပြုပြင်ရန်လာရောက်အပ်နှံသော Customer များကို ယဉ်ကျေးပျူငှာစွာ ကြိုဆိုလက်ခံခြင်း
- ဖုန်းအမျိုးအစား၊ ဖြစ်ပေါ်နေသောပြဿနာ၊ ပါဝင်ပစ္စည်းနှင့် ဖုန်းအခြေအနေများကို တိကျစွာမှတ်တမ်းတင်ခြင်း
- Service Job များကို System ထဲသို့ မှန်ကန်စွာထည့်သွင်းခြင်း
- Technician ထံသို့ Job အပ်နှံခြင်းနှင့် ပြုပြင်မှုအခြေအနေကို စောင့်ကြည့်ခြင်း
- ပြုပြင်ခန့်မှန်းကုန်ကျစရိတ်၊ အချိန်နှင့် ပြုပြင်မှုအခြေအနေကို Customer ထံအသိပေးခြင်း
- ပြုပြင်ပြီးစီးသောဖုန်းများကို စစ်ဆေး၍ Customer ထံစနစ်တကျပြန်လည်အပ်နှံခြင်း
- Customer Complaint နှင့် After-Sales Service ကိစ္စများကို သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း
- နေ့စဉ် Service Job စာရင်းနှင့် လက်ခံထားသောပစ္စည်းများကို စနစ်တကျထိန်းသိမ်းခြင်း
လိုအပ်ချက်များ
- အနည်းဆုံး အထက်တန်းအထိတက်ဖူးသူ ဖြစ်ရမည်
- Computer နှင့် Software အခြေခံအသုံးပြုနိုင်သူ ဦးစားပေးမည်
- Customer Service စိတ်ဓာတ်ကောင်းမွန်ပြီး စကားပြောပြေပြစ်ရမည်
- အသေးစိတ်အချက်အလက်များကို ဂရုတစိုက်မှတ်တမ်းတင်နိုင်ရမည်
- ဖုန်းအမျိုးအစားနှင့် ဖုန်းပြုပြင်မှုအခြေခံဗဟုသုတရှိသူ ဦးစားပေးမည်
- ဖိအားအောက်တွင် တည်ငြိမ်စွာအလုပ်လုပ်နိုင်ရမည်
- တာဝန်ယူမှုရှိပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်
လစာနှင့်ခံစားခွင့်
Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeDouble Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 500,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်