Sales
Spare Parts အရောင်းဝန်ထမ်း
ရာထူးအကြောင်း
ဖုန်းပြုပြင်ရေးဆရာများ၊ လက်လီ/လက်ကား Customer များ၏ လိုအပ်ချက်ကို သေချာမေးမြန်းပြီး ဖုန်း Model နှင့်ကိုက်ညီသော Spare Parts များကို မှန်ကန်စွာ ရှာဖွေအကြံပြုရောင်းချပေးရမည့် ရာထူးဖြစ်ပါသည်။ Product Quality၊ ဈေးနှုန်း၊ Warranty နှင့် အသုံးပြုနိုင်သော Model များကို ရှင်းလင်းစွာ ပြောပြ၍ Customer များကို ကောင်းမွန်သောဝန်ဆောင်မှု ပေးရမည်ဖြစ်ပါသည်။
အဓိကတာဝန်များ
- ဆိုင်သို့လာရောက်သော Customer များကို ဖော်ရွေပျူငှာစွာ ကြိုဆိုဝန်ဆောင်မှုပေးခြင်း
- Customer လိုအပ်သော Phone Brand၊ Model နှင့် Spare Parts အမျိုးအစားကို တိကျစွာမေးမြန်းခြင်း
- LCD၊ Battery၊ Charging Board၊ Flex Cable၊ Camera၊ Housing နှင့် အခြား Spare Parts များကို မှန်ကန်စွာ ရှာဖွေပေးခြင်း
- Product Quality အဆင့်၊ ဈေးနှုန်း၊ Warranty နှင့် Model Compatibility များကို ရှင်းပြခြင်း
- ပစ္စည်းမထုတ်ပေးမီ Model၊ Color၊ Quality၊ Quantity နှင့် ပစ္စည်းအခြေအနေကို ပြန်လည်စစ်ဆေးခြင်း
- POS System တွင် အရောင်းဘောင်ချာနှင့် Customer Order များကို မှန်ကန်စွာ ထည့်သွင်းခြင်း
- သတ်မှတ်ထားသော အရောင်း Target ပြည့်မီအောင် ကြိုးစားဆောင်ရွက်ခြင်း
- ပစ္စည်းအသစ်များ၊ Model အသစ်များ၊ ဈေးနှုန်းနှင့် Promotion များကို အမြဲလေ့လာထားခြင်း
- မရရှိသေးသောပစ္စည်းနှင့် Customer Order များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
- Customer Feedback၊ Return နှင့် Warranty ကိစ္စများကို သတ်မှတ်ထားသောလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်း
- အရောင်းကောင်တာနှင့် ပစ္စည်း Display များကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း
လိုအပ်ချက်များ
- အနည်းဆုံး အထက်တန်းအဆင့်ရှိသူ ဖြစ်ရမည်
- အသက် ၁၈ နှစ်နှင့်အထက် ဖြစ်ရမည်
- Customer များနှင့် ဖော်ရွေယဉ်ကျေးစွာ ပြောဆိုဆက်ဆံနိုင်ရမည်
- Mobile Phone နှင့် Spare Parts များကို စိတ်ဝင်စားပြီး လေ့လာလိုစိတ်ရှိရမည်
- Phone Model၊ Product Code နှင့် အသေးစိတ်အချက်အလက်များကို ဂရုတစိုက်စစ်ဆေးနိုင်ရမည်
- Computer၊ POS System နှင့် အခြေခံ Software များ အသုံးပြုနိုင်ရမည်
- အရောင်း Target ဖြင့် အလုပ်လုပ်နိုင်ရမည်
- ရိုးသားမှု၊ တာဝန်ယူမှုနှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှုရှိရမည်
- Spare Parts အရောင်းအတွေ့အကြုံ သို့မဟုတ် ဖုန်းပြုပြင်မှုအခြေခံဗဟုသုတရှိသူ ဦးစားပေးမည်
လစာနှင့်ခံစားခွင့်
Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 500,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်