Sales
Spare Parts အရောင်းဝန်ထမ်း
ရာထူးအကြောင်း
ဖုန်းပြုပြင်ရေးဆိုင်များ၊ Technician များနှင့် Spare Parts ဝယ်ယူလိုသော Customer များ၏ လိုအပ်ချက်ကို မှန်ကန်စွာနားလည်၍ သင့်တော်သော Spare Parts များကို ရှာဖွေရွေးချယ်ပေးခြင်း၊ Compatibility နှင့် Quality အဆင့်များကို ရှင်းပြရောင်းချပေးခြင်းတို့ကို တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။
အဓိကတာဝန်များ
- Customer သို့မဟုတ် Technician လိုအပ်သော Spare Parts အမျိုးအစားကို တိကျစွာမေးမြန်းခြင်း
- Phone Brand၊ Model နှင့် Part Code ကို စစ်ဆေး၍ မှန်ကန်သောပစ္စည်းရွေးချယ်ပေးခြင်း
- LCD၊ Battery၊ Charging Board၊ Flex Cable နှင့် အခြား Spare Parts များ၏ Quality ကွာခြားချက်ကို ရှင်းပြခြင်း
- System ထဲမှ Stock၊ ဈေးနှုန်းနှင့် ပစ္စည်းတည်နေရာကို စစ်ဆေးပေးခြင်း
- ပစ္စည်းမထုတ်ပေးမှီ Model၊ Color၊ Quality နှင့် Quantity ကို ပြန်လည်စစ်ဆေးခြင်း
- Wholesale နှင့် Retail Customer များကို စနစ်တကျဝန်ဆောင်မှုပေးခြင်း
- ပစ္စည်းအသစ်များ၊ Model အသစ်များနှင့် ဈေးနှုန်းအပြောင်းအလဲများကို လေ့လာထားခြင်း
- ပစ္စည်းထားရှိရာနေရာကို စနစ်တကျသတ်မှတ်၍ လွယ်ကူစွာရှာဖွေနိုင်အောင် ထိန်းသိမ်းခြင်း
- Return၊ Warranty နှင့် မှားယွင်းထုတ်ပေးမှုများကို သတ်မှတ်စည်းမျဉ်းအတိုင်း ဆောင်ရွက်ခြင်း
လိုအပ်ချက်များ
- အနည်းဆုံး အထက်တန်းအထိတက်ဖူးသူ ဖြစ်ရမည်
- Mobile Phone Spare Parts နှင့် ဖုန်း Model များကို လေ့လာလိုစိတ်ရှိရမည်
- Product Code၊ Model Number နှင့် အသေးစိတ်အချက်အလက်များကို ဂရုတစိုက်စစ်ဆေးနိုင်ရမည်
- Customer များနှင့် ပြောဆိုဆက်ဆံရေးကောင်းမွန်ရမည်
- အရောင်း Target နှင့် အဖွဲ့လိုက်အလုပ်လုပ်နိုင်ရမည်
- Spare Parts အရောင်းအတွေ့အကြုံ သို့မဟုတ် ဖုန်းပြုပြင်မှုအခြေခံဗဟုသုတရှိသူ ဦးစားပေးမည်
လစာနှင့်ခံစားခွင့်
Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 500,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်