MA
Mobile AyeyarwaddyCareers
အလုပ်အကိုင်များသို့
Sales

Spare Parts အရောင်းဝန်ထမ်း

မအူပင်မြို့Full-timeပိတ်ရက် 2026-09-30

ရာထူးအကြောင်း

ဖုန်းပြုပြင်ရေးဆိုင်များ၊ Technician များနှင့် Spare Parts ဝယ်ယူလိုသော Customer များ၏ လိုအပ်ချက်ကို မှန်ကန်စွာနားလည်၍ သင့်တော်သော Spare Parts များကို ရှာဖွေရွေးချယ်ပေးခြင်း၊ Compatibility နှင့် Quality အဆင့်များကို ရှင်းပြရောင်းချပေးခြင်းတို့ကို တာဝန်ယူရမည့် ရာထူးဖြစ်ပါသည်။

အဓိကတာဝန်များ

  • Customer သို့မဟုတ် Technician လိုအပ်သော Spare Parts အမျိုးအစားကို တိကျစွာမေးမြန်းခြင်း
  • Phone Brand၊ Model နှင့် Part Code ကို စစ်ဆေး၍ မှန်ကန်သောပစ္စည်းရွေးချယ်ပေးခြင်း
  • LCD၊ Battery၊ Charging Board၊ Flex Cable နှင့် အခြား Spare Parts များ၏ Quality ကွာခြားချက်ကို ရှင်းပြခြင်း
  • System ထဲမှ Stock၊ ဈေးနှုန်းနှင့် ပစ္စည်းတည်နေရာကို စစ်ဆေးပေးခြင်း
  • ပစ္စည်းမထုတ်ပေးမှီ Model၊ Color၊ Quality နှင့် Quantity ကို ပြန်လည်စစ်ဆေးခြင်း
  • Wholesale နှင့် Retail Customer များကို စနစ်တကျဝန်ဆောင်မှုပေးခြင်း
  • ပစ္စည်းအသစ်များ၊ Model အသစ်များနှင့် ဈေးနှုန်းအပြောင်းအလဲများကို လေ့လာထားခြင်း
  • ပစ္စည်းထားရှိရာနေရာကို စနစ်တကျသတ်မှတ်၍ လွယ်ကူစွာရှာဖွေနိုင်အောင် ထိန်းသိမ်းခြင်း
  • Return၊ Warranty နှင့် မှားယွင်းထုတ်ပေးမှုများကို သတ်မှတ်စည်းမျဉ်းအတိုင်း ဆောင်ရွက်ခြင်း

လိုအပ်ချက်များ

  • အနည်းဆုံး အထက်တန်းအထိတက်ဖူးသူ ဖြစ်ရမည်
  • Mobile Phone Spare Parts နှင့် ဖုန်း Model များကို လေ့လာလိုစိတ်ရှိရမည်
  • Product Code၊ Model Number နှင့် အသေးစိတ်အချက်အလက်များကို ဂရုတစိုက်စစ်ဆေးနိုင်ရမည်
  • Customer များနှင့် ပြောဆိုဆက်ဆံရေးကောင်းမွန်ရမည်
  • အရောင်း Target နှင့် အဖွဲ့လိုက်အလုပ်လုပ်နိုင်ရမည်
  • Spare Parts အရောင်းအတွေ့အကြုံ သို့မဟုတ် ဖုန်းပြုပြင်မှုအခြေခံဗဟုသုတရှိသူ ဦးစားပေးမည်

လစာနှင့်ခံစားခွင့်

Basic Salary240,000 MMK
Attendance Allowance30,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 500,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်
ယခုလျှောက်ထားမည်