Audit Department
Stock Controller
ရာထူးအကြောင်း
ဆိုင်ရှိ ဖုန်း Spare Parts နှင့် အခြားပစ္စည်းများ၏ အဝင်၊ အထွက်၊ လက်ကျန်နှင့် ပစ္စည်းရွှေ့ပြောင်းမှုများကို System စာရင်းနှင့် မြေပြင်လက်ကျန် တိကျကိုက်ညီအောင် စစ်ဆေးထိန်းချုပ်ရမည့် ရာထူးဖြစ်ပါသည်။ ပစ္စည်းပျောက်ဆုံးခြင်း၊ စာရင်းလွဲခြင်းနှင့် မှားယွင်းထုတ်ပေးခြင်းများ လျော့နည်းစေရန် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အဓိကတာဝန်များ
- Supplier သို့မဟုတ် Warehouse မှ ရောက်ရှိလာသောပစ္စည်းများ၏ Model၊ Quantity၊ Quality နှင့် စာရွက်စာတမ်းများကို စစ်ဆေးလက်ခံခြင်း
- ပစ္စည်းအဝင်၊ အထွက်၊ Transfer နှင့် Return စာရင်းများကို System တွင် မှန်ကန်စွာ ထည့်သွင်းခြင်း
- System Stock နှင့် မြေပြင်ပစ္စည်းလက်ကျန် တိကျကိုက်ညီမှုရှိမရှိ နေ့စဉ်စစ်ဆေးခြင်း
- ပစ္စည်းများကို Brand၊ Model၊ Category နှင့် Quality အလိုက် စနစ်တကျထားရှိခြင်း
- အရောင်းဌာနနှင့် သက်ဆိုင်ရာဌာနများသို့ ပစ္စည်းထုတ်ပေးရာတွင် Model နှင့် Quantity ကို သေချာစစ်ဆေးခြင်း
- ဆိုင်ခွဲအချင်းချင်း ပစ္စည်းလွှဲပြောင်းမှုများကို စာရင်းတိကျစွာ ဆောင်ရွက်ခြင်း
- နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် Stock Count များတွင် ပါဝင်စစ်ဆေးခြင်း
- စာရင်းလွဲခြင်း၊ ပစ္စည်းပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနှင့် Model မှားခြင်းများကို ချက်ချင်းတင်ပြခြင်း
- လက်ကျန်နည်းသောပစ္စည်း၊ လက်ကျန်ပြတ်နိုင်သောပစ္စည်းနှင့် ရောင်းအားနှေးသောပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း
- ပစ္စည်းယူဆောင်မှုနှင့် Stock Room ဝင်ထွက်မှုများကို သတ်မှတ်စည်းမျဉ်းအတိုင်း ထိန်းချုပ်ခြင်း
- Stock Report နှင့် လိုအပ်သောစာရင်းများကို အချိန်မီပြုစုတင်ပြခြင်း
လိုအပ်ချက်များ
- အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်
- Computer၊ Microsoft Excel နှင့် Inventory/POS System အခြေခံအသုံးပြုနိုင်ရမည်
- ကိန်းဂဏန်းနှင့် စာရင်းပိုင်းကို ဂရုတစိုက်ကိုင်တွယ်နိုင်ရမည်
- Product Code၊ Model Number နှင့် Quantity များကို တိကျစွာစစ်ဆေးနိုင်ရမည်
- အလုပ်တွင် စနစ်တကျရှိပြီး အသေးစိတ်အချက်အလက်များကို အာရုံစိုက်နိုင်ရမည်
- ရိုးသားမှုနှင့် တာဝန်ယူမှု အထူးကောင်းမွန်ရမည်
- အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်ပြီး ဖိအားအောက်တွင် အလုပ်လုပ်နိုင်ရမည်
- Stock Control၊ Warehouse သို့မဟုတ် Inventory ပိုင်း အတွေ့အကြုံရှိသူ ဦးစားပေးမည်
- Mobile Phone Spare Parts နှင့် Model များကို သိရှိသူ ဦးစားပေးမည်
လစာနှင့်ခံစားခွင့်
Basic Salary250,000 MMK
Attendance Allowance24,000 MMK
OvertimeOT Double Pay
KPI / IncentiveKPI + Bonus
Maximum Potential IncomeUp to 600,000 MMK
Other BenefitsUniform, Training, နယ်မှလာရောက်လုပ်ကိုင်သူများအတွက် အဆောင် နှင့် စားစရိတ်